မြန်မာ People Magazine မှ နှစ်စဉ်ကျင်းပမြဲဖြစ်သော Miss People စတိုင်ပြိုင်ပွဲအား စတုတ္ထအကြိမ်အဖြစ် ၂၀၀၉ ခုနှစ် ၊ နိုဝင်ဘာလ (၁) ရက်နေ့က ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပခဲ့သည်။ အကဲဖြတ်ဒိုင်လူကြီးများအဖြစ် အကယ်ဒမီလူမင်း၊ အကယ်ဒမီ အိန္ဒြာကျော်ဇင် ၊ န၀ရတ် ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ၊ ဓါတ်ပုံထင်လင်း (Golden Arrow) ၊ ဒေါ်အိမျိုးသွယ် (Business Development Manager, Beauty Palace Co.,Ltd, A 21 Beauty Soap) ၊ ဒေါ်လဲ့လဲ့သန်း (Advertising Manager, Daily Vitagin) ၊ ဦးအောင်ကျော်နိုင် (Manager, PED Milk Powder) ၊ ဒေါ်သဲမေစု (General Manager , Shoe Gallery) ၊ ဦးရန်ပိုင်ဝင်း (Managing Director, Ba Wang Shampoo) တို့မှ ဆောင်ရွက်ပေးကြသည်။
ဆုကြေးငွေအဖြစ် Miss People ဆုကို ငွေကျပ် (၆) သိန်း၊ 1st Runner Up ဆုကို ဆုကြေးငွေ (၃) သိန်း ၊ 2nd Runner Up ဆုကို ဆုကြေးငွေ (၂) သိန်း ၊ People’s Choice ဆုကို ဆုကြေးငွေ (၁) သိန်း ၊ Best Stylist ဆုကို ဆုကြေးငွေ (၁) သိန်း ချီးမြှင့်ခဲ့ပါသည်။ ၄င်းအပြင် Title Award (၅) ခုကို A 21 ၊ Daily Vitagin ၊ PEP ၊ Shoe Gallery တို့မှ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ယခုနှစ်၏ထူးခြားချက်မှာ စတိုင်လ်ပြိုင်ပွဲနှင့်အတူ ဈေးရောင်းပွဲတော် ၊ The Trees Band အဖွဲ့သားများနှင့် နာမည်ကြီး အဆိုတော်များက မေတ္တာဖြင့်သီဆိုပေးကြသည့် စတိတ်ရှိုးဖျော်ဖြေမှုများကိုပါ တစ်ပါတည်းကျင်းပခြင်းဖြစ်သည်။ ပွဲဝင်ကြေးရရှိသောငွေအားလုံးနှင့် ဈေးရောင်းပွဲတော်အတွက် ဆိုင်ခန်းနေရာရောင်းချခြင်းမှ ရရှိလာသော ငွေအားလုံးကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ကမ္ဘာအေး လူငယ်သင်တန်းကျောင်း ၊ ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်း ၊ မလိခ အမျိုးသမီးကလေးများသင်တန်းကျောင်း များအတွက် Computer ၊ Printer ၊ UPS တစ်စုံစီ စုစုပေါင်း (၃) စုံနှင့် ၊ ပညာရေးအတွက် အလှူငွေ (၅) သိန်းစီ စုစုပေါင်း (၁၅) သိန်းတိတိကို ပွဲအပြီးတွင် တစ်ပါတည်း ပေးအပ်လှူဒါန်းပါသည်။
Miss People စတိုင်လ်ပြိုင်ပွဲတွင် ဆုရရှိသူများမှာ..
Miss People ဆု – သဲနော်ဇာ (ကိုယ်ပိုင်ဒီဇိုင်း)
1st Runner Up – မေဆူးမောင် (ဒီဇိုင်နာ ချိုကေဇင်ဇော်)
2nd Runner Up – ချမ်းမီမီကို (ဒီဇိုင်နာ ဖြိုးပြည့် (ပြည်စိုးအောင်)
Best Stylist – ဒေါ်လာပွင့်ဝေ (ဒီဇိုင်နာ မောင်မောင်)
People’s Choice – သဲနော်ဇာ
Miss A 21 – ၀င့်ဒါလီ
Miss Ba Wang – ၀င့်ဒါလီ
Miss Shoe Gallery – မေဆူးမောင်
Miss PEP – ၀င့်ဒါလီ
Miss Daily Vitagin – သဲနော်ဇာ တို့ဖြစ်သည်။
Miss People စတိုင်လ်ပြိုင်ပွဲတွင် မြန်မာ People Magazine နှင့်အတူ စပွန်စာအဖြစ် ပူးပေါင်းပါဝင်ကြသူများမှာ A 21 Beauty Soap ၊ PEP ၊ Shoe Gallery ၊ Daily Vitagin ၊ Ba Wang Shampoo ၊ Smooth E Skin Care ၊ Revlon ၊ Alpine ၊ Xenon ၊ Wellwoman ၊ Slenfig ၊ Dolly Bird ၊ မန်းရွှေပြည် သယ်ယူပို့ဆောင်ရေးတို့မှ ဖြစ်သည်။
Miss People and People’s Choice – သဲနော်ဇာ

Miss People

Miss People – သဲနော်ဇာ

1st Runner Up – မေဆူးမောင်

2nd Runner Up – ချမ်းမီမီကို

Filed under: Uncategorized | Leave a Comment »










































