Miss People 2009 (Mandalay)

Miss People 2009 (Mandalay) ပွဲကြီးကို 2009 ခုနှစ် ၊ အောက်တိုဘာလ (4) ရက်နေ့က Sedona Hotel (MandalaY) ရေကူးကန်ဘေးမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ ဒီပွဲကြီးကို ကြိုတင်စီစဉ်ထားတဲ့အတိုင်း နေ့လည် (၁) နာရီမှာ ဈေးရောင်းပွဲတော်နဲ့ စတင်ခဲ့ပါတယ်။ ညနေ (၅) နာရီမှာတော့ စတိတ်ရှိုး အစီအစဉ်ကို စတင်ခဲ့ပြီး နာမည်ကြီး အဆိုတော်များလည်းဖြစ်၊ လက်ရှိမှာ ပေါက်နေတဲ့ သီချင်းတွေရဲ့ အဆိုရှင်များလည်း ဖြစ်ကြတဲ့ ဖော်ကာ (Wanted) ၊ ဂျီလတ် ၊ The Last ၊ အနဂ္ဂ ၊ Cobra ၊ သံသာဝင်း ၊ ဂျင်းနီ ၊ Princess အဖွဲ့  တို့က မေတ္တာဖြင့် သီဆို ဖျော်ဖြေ ခဲ့ကြပါတယ်။

ညနေ (၇) နာရီမှာတော့ Miss People ပြိုင်ပွဲကို စတင် ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ အကဲဖြတ်ဒိုင်များအဖြစ် ရုပ်ရှင်သရုပ်ဆောင်များ ဖြစ်ကြတဲ့ အကယ်ဒမီ လူမင်း ၊ အကယ်ဒမီ အိန္ဒြာကျော်ဇင် ၊ မယ်လိုဒီ တို့နဲ့အတူ မန္တလေးမြို့မှ မြို့မိ ၊ မြို့ဖများက ဆောင်ရွက် ပေးခဲ့ကြပါတယ်။ မန္တလေးက ပြိုင်ပွဲဝင်လေးတွေဟာ အလွန်စတိုင်လ်မိုက်ကြတဲ့အတွက် Miss People ဆုကို ခက်ခက်ခဲခဲ ရွေးချယ်ခဲ့ရပါတယ်။ Miss People ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်တဲ့သူ စုစုပေါင်း ၄၃ ဦးရှိခဲ့ပြီး People Magazine မှ Miss People, 1st Runner Up, 2nd Runner Up , Best Style ဆုများအပြင် ပရိတ်သတ်များက ရွေးချယ်ပေးတဲ့ People’s Choice ဆုကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

Miss People 2009 စတိုင်လ်ပြိုင်ပွဲတွင် ဆုရရှိသူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Miss People 2009 (Mandalay) – ခွန်းမဉ္ဖူစိုး

1st Runner Up (Miss People 2009 Mandalay) – ရှိုင်းသူသူမောင်

2nd Runner Up (Miss People 2009 Mandalay) – နန်းအိမ့်ချယ်ရီမောင်

People’s Choice – မေပြည့်သုခ

Best Stylist – မျိုးမင်းစိုး (မော်ဒယ် – နန်းအိမ့်ချယ်ရီမောင်)

အောက်မှာ ပြိုင်ပွဲဝင် အချို့နဲ့ ဆုရသူများရဲ့ ပုံကို ကြည့်ရှုနိုင်ကြပါတယ်ရှင်။

_MG_4505

_MG_4794

_MG_5088

_MG_5129

_MG_5171

Miss People 2009 စတိုင်လ်ပြိုင်ပွဲတွင် People Magazine နှင့်အတူ လက်တွဲပါဝင်သူများမှာ A 21 ဆပ်ပြာ ၊ Ba Wang ရှန်ပူ ၊ Shoe Gallery ၊ Daily Vitagin အားဆေး ၊ PEP နို့မှုန့် ၊ Revlon Cosmetic ၊ Smooth E Skin Care ၊ Alpine သောက်ရေသန့် ၊ Well woman ဆေး ၊ Xenon Inkjet Printing ၊ မန်းရွှေပြည် သယ်ယူပို့ဆောင်ရေး ၊ Dolly Bird Fashion ၊ Slenfig အဆီကျဆေးတို့ ဖြစ်ပါတယ်။

4 Responses

  1. [...] Read More Tags: Miss People 2009 [...]

  2. well organized

  3. မမရေ မနေ့ က မမကို တွေ့ ခဲ့ တယ် … Miss people ပွဲမှာ
    အင်္ကျီအစိမ်းလေးနဲ့  လှနေတာ … ဟုတ်တယ်ဟုတ် …
    လူတွေများပြီး မမအလုပ်ရှုပ်နေတာတွေ့ လို့  နှုတ်မဆက်ခဲ့ တာ
    ဒီပွဲအတွက် ပန်းခင်းတို့  Company က Main Sponsor လုပ်ခဲ့ တော့ 
    ပွဲလာကြည့်ဖြစ်တာ … မဟုတ်ရင်တော့  ရောက်ဖြစ်မယ်မထင်ပါဘူး :P

    ပျော်ရွှင်ပါစေနော်!

    ခင်တဲ့ 

    ပန်းခင်းလေး

Leave a Reply